Friday, 17 July 2009

စိတ်

အမှောင်ကျနေတဲ့ ဟော့ဒီကမ္ဘာကြီးမှာလည်းငါမနေခြင်ဘူး။ပိတ်ဆို့မွန်းကြပ်နေတဲ့ ဟော့ဒီလူပတ်ဝန်းကျင်ကြီမှာလည်းငါမနေခြင်ဘူး။အခက်ခဲတွေ၊ဒုက္ခများပြားလှတဲ့ ဟော့ဒီနေရာကြီးမှာလည်းငါမနေခြင်ဘူး။ပြောတိုင်မရ၊လုပ်တိုင်မဖြစ်တဲ့ ဟော့ဒီအလုပ်မျိုးမှာလည်းငါမနေခြင်ဘူး။လမ်းလျှောက်ယင်လမ်းပြောက်နေတဲ့ ဟော့ဒီလမ်းကိုလည်းငါဆက်မလျှောက်ခြင်ဘူး။မျော်လင့်ခြင်းတွေပျက်သုန်းသွားတဲ့ ဟော့ဒီငါအတွေးအိမ်မက်တွေလည်းဆက်မမက်ခြင်တော့ဘူး။ဆေးရောင်စုံချယ်သထားတဲ့ ဟော့ဒီပန်းချီကာဟောင်းကြီးကိုလည်းငါမကြည့်ခြင်တောဘူး။ပြောယင်းဆိုယင်း ဟော့ဒီစကားလုံးတွေ၊စာလုံးတွေလည်းဆက်မရေးခြင်တော့ဘူး.......ကွာ......ဆောင်းနှင်း

Thursday, 16 July 2009

အလိုတော်ကျ

အချစ်သခင်
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နုပ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြှင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......

Wednesday, 15 July 2009

မုသာမပါသော

ချစ်သူ “ငါ “ မင်းကိုလွမ်းနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်မင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပြော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသာမပါတဲ့ ငါ စကားပါ.....ချစ်သူ.........

ပန်း

ပန်းလှတပွင့်
နံ့ပြန့်လွင့်လို့
ဆွတ်ယူမယ်ဟန်ပြင်
ကြွေလွင့်ပျက်သုန်း
အလှဆုံးမည့်ကြောင့်
မခူးငင်ရက်ပါ......

ပန်း၏သဘော
မခူးလဲ “ နွမ်း “
ခူးလဲ “ နွမ်း “ မို့
ပျက်သုန်းကြွေကျ
မြေခမှသာ
နမ်းပြစေလားကွယ်........

ရူးမိုက်ခြင်းရဲ့ဆန္ဒ

မြင်တွေ့ခြင်တာက......မင်းရုပ်လွှာ

ကြားခြင်မိတာက ......မင်းအသံ

နေခြင်မိတာက..........မင်းအနား

ဒါပေမဲ့......ဘဝကံတရားက

ပိုင်းခြားထားတော့၊အလွမ်းဆိုတဲ့

ဒုထည်ကြီးကိုရင်မှာပိုက်

ဘယ်တော့နီးရမလည်းဆိုတဲ့

အတွေးအိမ်မက်မှုန်ဝါးဝါးတွေကြားမှာ

ရူးမိုက်စွာပျှော်ပိုက်နေတဲ့...“ငါ့ ” အတွက်

နောက်ဆုံးမင်းစီက ရရှိလိုက်တာက အပြုံးလေးတချက်ပါ.....ချစ်သူ....


ကျနော်ချစ်မိ သူအား ချစ်လားလိုမေးမိတဲ့ခါတိုင် သူကမြဲပြုံးပြတယ်ဗျာ........

ဘယ်လိုအိပ်မလည်း

ပလက်ကယ်လန်
နဖူးပေါ်လက်ဝဲ
အိပ်မယ်လို့ဟန်ပြင်
မဖိတ်ခေါ်ပဲရောက်ရောက်
လာတဲ့ဒီအတွေး
ဘယ်မှလည်းပြေးမလွတ်
မျက်စီ့ကိုစုံမှိတ်
ကြိတ်မှိတ်လို့ပယ်ချ
တယ်...........ဂွကျတဲ့
ဒီအတွေးနော်
အောင့်အီး၍လည်း
နေမရခဲ့
လူးလိမ့်လို့သာ
ဟစ်လိုက်ခြင်ရဲ့
အော်.....ဒီတညတော့
ဘယ်လိုများအိပ်ရပါ့...မယ်......

ခွဲသွားသူ

ချစ်သယောင်
ချစ်ဟန်ဆောင်ပြီး
မာယာကြွယ်တဲ့
အပြုံးမျက်နှာနဲ.
ကျော့ကွင်းတွေစင်
နောက်ဆုံးတော့
ရက်စက်ခြင်းကို
သရုပ်မဖော်ပဲ
အပြုံးလေးနဲ့
ငါ့နှလုံးသား
ကြွေပြုန်းသွားအောင်
ပြုရက်ပြီပေါ့..... ချစ်သူရယ်.......