Friday, 17 July 2009
စိတ်
အမှောင်ကျနေတဲ့ ဟော့ဒီကမ္ဘာကြီးမှာလည်းငါမနေခြင်ဘူး။ပိတ်ဆို့မွန်းကြပ်နေတဲ့ ဟော့ဒီလူပတ်ဝန်းကျင်ကြီမှာလည်းငါမနေခြင်ဘူး။အခက်ခဲတွေ၊ဒုက္ခများပြားလှတဲ့ ဟော့ဒီနေရာကြီးမှာလည်းငါမနေခြင်ဘူး။ပြောတိုင်မရ၊လုပ်တိုင်မဖြစ်တဲ့ ဟော့ဒီအလုပ်မျိုးမှာလည်းငါမနေခြင်ဘူး။လမ်းလျှောက်ယင်လမ်းပြောက်နေတဲ့ ဟော့ဒီလမ်းကိုလည်းငါဆက်မလျှောက်ခြင်ဘူး။မျော်လင့်ခြင်းတွေပျက်သုန်းသွားတဲ့ ဟော့ဒီငါအတွေးအိမ်မက်တွေလည်းဆက်မမက်ခြင်တော့ဘူး။ဆေးရောင်စုံချယ်သထားတဲ့ ဟော့ဒီပန်းချီကာဟောင်းကြီးကိုလည်းငါမကြည့်ခြင်တောဘူး။ပြောယင်းဆိုယင်း ဟော့ဒီစကားလုံးတွေ၊စာလုံးတွေလည်းဆက်မရေးခြင်တော့ဘူး.......ကွာ......ဆောင်းနှင်း
Thursday, 16 July 2009
အလိုတော်ကျ
အချစ်သခင်
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နုပ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြှင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......
သဲဘုရင်မလေးရယ်
အချစ်တခု
သစ္စာပြုသော်
ကျွန်ုပ်ဘဝ
သခင့်အလိုကျ
နုပ်ထွက်စကား
မဆိုထားနှင့်
အသင့်...
ထားလိုရာထား
သွားလိုရာသွားမို့
မငြှင်းဝံ့ပါ
စေတခုအဖေါ်ပြုပြီး
အရှင်အနား
မနေလိုငြား၍
အသဲနှင်ဒဏ်ပေး
အဝေးပြေးစေတဲ့လား.......
Wednesday, 15 July 2009
မုသာမပါသော
ချစ်သူ “ငါ “ မင်းကိုလွမ်းနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ“ ငါ “ အချိန်ရှိတိုင်မင်းကြောင်းတွေးနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ မျက်ဝန်းထဲ မင်းပုံရိပ်တွေ အမြဲရှိနေမိတယ်။
ဒါကိုမင်းမသိဘူးနော်.....
ချစ်သူ “ငါ “ နားထဲ မင်းအသံလေးကို ကြားယောင်နေမိတယ်။
ဒါကိုမင်းမသိဘူးနော်......
ချစ်သူ “ငါ “ နေဝင်ချိန်လေးဆို မင်းရှိရာအရပ်ကိုမျှော်ငေးနေမိတယ်။
ဒါကိုနင်မသိဘူးနော်......
ချစ်သူ “ ငါ “ မင်းနဲ့မတွေ့ရတဲညတွေဆို အိပ်ပြော်ဖို့ခက်ခဲ့တယ်။
ဒါကိုမင်းမသိခဲ့ဘူးနော်.....
ချစ်သူ “ ငါ “ တကယ်လို့အိပ်ပျော်ခဲ့ရင်လည်း အိပ်မက်ထဲမင်းရောက်လာဖို့ ဆုတောင်းနေမိတယ်။
ဒါကိုမင်းမသိခဲ့ဘူနော်.....
အဲဒါ မုသာမပါတဲ့ ငါ စကားပါ.....ချစ်သူ.........

ပန်း
ပန်းလှတပွင့်
နံ့ပြန့်လွင့်လို့
ဆွတ်ယူမယ်ဟန်ပြင်
ကြွေလွင့်ပျက်သုန်း
အလှဆုံးမည့်ကြောင့်
မခူးငင်ရက်ပါ......
ပန်း၏သဘော
မခူးလဲ “ နွမ်း “
ခူးလဲ “ နွမ်း “ မို့
ပျက်သုန်းကြွေကျ
မြေခမှသာ
နမ်းပြစေလားကွယ်........
ကြွေလွင့်ပျက်သုန်း
အလှဆုံးမည့်ကြောင့်
မခူးငင်ရက်ပါ......
ပန်း၏သဘော
မခူးလဲ “ နွမ်း “
ခူးလဲ “ နွမ်း “ မို့
ပျက်သုန်းကြွေကျ
မြေခမှသာ
နမ်းပြစေလားကွယ်........
ရူးမိုက်ခြင်းရဲ့ဆန္ဒ
မြင်တွေ့ခြင်တာက......မင်းရုပ်လွှာ
ကြားခြင်မိတာက ......မင်းအသံ
နေခြင်မိတာက..........မင်းအနား
ဒါပေမဲ့......ဘဝကံတရားက
ပိုင်းခြားထားတော့၊အလွမ်းဆိုတဲ့
ဒုထည်ကြီးကိုရင်မှာပိုက်
ဘယ်တော့နီးရမလည်းဆိုတဲ့
အတွေးအိမ်မက်မှုန်ဝါးဝါးတွေကြားမှာ
ရူးမိုက်စွာပျှော်ပိုက်နေတဲ့...“ငါ့ ” အတွက်
နောက်ဆုံးမင်းစီက ရရှိလိုက်တာက အပြုံးလေးတချက်ပါ.....ချစ်သူ....
ကျနော်ချစ်မိ သူအား ချစ်လားလိုမေးမိတဲ့ခါတိုင် သူကမြဲပြုံးပြတယ်ဗျာ........

ဘယ်လိုအိပ်မလည်း
ပလက်ကယ်လန်
နဖူးပေါ်လက်ဝဲ
အိပ်မယ်လို့ဟန်ပြင်
မဖိတ်ခေါ်ပဲရောက်ရောက်
လာတဲ့ဒီအတွေး
ဘယ်မှလည်းပြေးမလွတ်
မျက်စီ့ကိုစုံမှိတ်
ကြိတ်မှိတ်လို့ပယ်ချ
တယ်...........ဂွကျတဲ့
ဒီအတွေးနော်
အောင့်အီး၍လည်း
နေမရခဲ့
လူးလိမ့်လို့သာ
ဟစ်လိုက်ခြင်ရဲ့
အော်.....ဒီတညတော့
ဘယ်လိုများအိပ်ရပါ့...မယ်......
နဖူးပေါ်လက်ဝဲ
အိပ်မယ်လို့ဟန်ပြင်
မဖိတ်ခေါ်ပဲရောက်ရောက်
လာတဲ့ဒီအတွေး
ဘယ်မှလည်းပြေးမလွတ်
မျက်စီ့ကိုစုံမှိတ်
ကြိတ်မှိတ်လို့ပယ်ချ
တယ်...........ဂွကျတဲ့
ဒီအတွေးနော်
အောင့်အီး၍လည်း
နေမရခဲ့
လူးလိမ့်လို့သာ
ဟစ်လိုက်ခြင်ရဲ့
အော်.....ဒီတညတော့
ဘယ်လိုများအိပ်ရပါ့...မယ်......
ခွဲသွားသူ
ချစ်သယောင်
ချစ်ဟန်ဆောင်ပြီး
မာယာကြွယ်တဲ့
အပြုံးမျက်နှာနဲ.
ကျော့ကွင်းတွေစင်
နောက်ဆုံးတော့
ရက်စက်ခြင်းကို
သရုပ်မဖော်ပဲ
အပြုံးလေးနဲ့
ငါ့နှလုံးသား
ကြွေပြုန်းသွားအောင်
ပြုရက်ပြီပေါ့..... ချစ်သူရယ်.......
ချစ်ဟန်ဆောင်ပြီး
မာယာကြွယ်တဲ့
အပြုံးမျက်နှာနဲ.
ကျော့ကွင်းတွေစင်
နောက်ဆုံးတော့
ရက်စက်ခြင်းကို
သရုပ်မဖော်ပဲ
အပြုံးလေးနဲ့
ငါ့နှလုံးသား
ကြွေပြုန်းသွားအောင်
ပြုရက်ပြီပေါ့..... ချစ်သူရယ်.......
လူသဘာဝ
...........
ငါ့၏နှလုံး
မရွှင်ပြုံးလည်း
စိတ်အမူ၌
ကိုယ်မပါနဲ့
နှလုံးမရွှင်
စိတ်အသွင်
ပီတိမရှိလည်း
အပြုံးရှိခိုက်
ဝန်းကျင်အလိုက်
နေလိုက်ခြင်းက
လူ့သဘာဝ။။။။။။။။။
မေတ္တာချုံ
တနယ်တကြေး
အနေဝေးလည်း
ယခင်၊ယခင်
ချစ်ခဲ့စဉ်က
သံယောဇဉ်မျှစ်
တွယ်ရစ်ခိုင်မာ
နွယ်ဖြစ်ခဲ့ပြီမို.
ဤမေတ္တာ.....ချုံဘုတ်
ရှင်းဖို.ခက်၏။။။။။။။။။။။။။။
အနေဝေးလည်း
ယခင်၊ယခင်
ချစ်ခဲ့စဉ်က
သံယောဇဉ်မျှစ်
တွယ်ရစ်ခိုင်မာ
နွယ်ဖြစ်ခဲ့ပြီမို.
ဤမေတ္တာ.....ချုံဘုတ်
ရှင်းဖို.ခက်၏။။။။။။။။။။။။။။
နွမ်း၊လွမ်း၊ကြမ်း၊ဆန်း

အချစ်ဆိုတာ"လွမ်း" မယ်
ဘဝဆိုတာ "ကြမ်း"တယ်
သဘာဝဆိုတာ"ဆန်း"တယ်
မှတ်ချက်။။။။။။ ပန်းတို့မည်သည် ကန့်သတ်ချက်မရှိတဲ့ အချိန်အတွင်းမှာ နွမ်းတတ်ပါတယ်။
အချစ်ဟာလည်းမမျှော်လင့်ပဲလွမ်းတတ်ပါတယ်။အဲ့ဒါကိုတော့ချစ်တတ်သူများသိကြပါတယ်။
ဘဝဆိုတာဟာလည်း အမြဲလိုလိုကြမ်းနေစမြဲပါ။
သဘာဝဟာလည်းတစ်ခုပြီးတစ်ခု၊တစ်မျိုးပြီးတစ်မျိုးအမြဲတမ်းပြောင်းလဲဆန်းသစ်နေဆဲပါ။
အမှားများနဲ့ငါ့....ဘဝ
အတိတ်ကံကြောင့်
ငါ့လုပ်တရား
မှန်သော်ငြားလည်း
ရှေးရှေးကဝဋ်
အရိပ်ပမာ
အကြောင်းပါ၍
မြင်သူအကြည့်
အမှောင်တိကြောင့်
ပြုသည့်အမူ
ထို.....သူအဖို့
မှားပြန်၏.........
ငါ့လုပ်တရား
မှန်သော်ငြားလည်း
ရှေးရှေးကဝဋ်
အရိပ်ပမာ
အကြောင်းပါ၍
မြင်သူအကြည့်
အမှောင်တိကြောင့်
ပြုသည့်အမူ
ထို.....သူအဖို့
မှားပြန်၏.........
အဖေအကြောင်း
တကယ်တော့ဒီပို့စ်လေးနဲ့ကဗျာလေးကိုအဖေများနေ့ကတင်ချင်ခဲ့တာပါ။
အဲဒီတုန်းကလည်းအနော်ဘလော့မဖွင့်ရသေးတာရယ်၊မြန်မာလိုမရေးတတ်တာကြောင့်မရေးဖြစ်ခဲ့ပါဘူး။
ယခုလည်းမြန်မာလိုကောင်းကောင်းမရေးတတ်သေးပါဘူး
မနဲကြိုးစားပြီးရေးနေရတော့သူ့အတွက်အချိန်တော်တော်ပေးရပါတယ်။
အဖေနဲ့ပတ်သက်ပြီး ဒီရက်တွေမှာ အဖေကိုလွမ်းတဲ့ စိတ်ပြင်းပြနေမိတယ်ဗျာ။
အဖေလွမ်းနေမိတာကတော့ငယ်ငယ်လေးမှခုအရွယ်ထိပါပဲ။
အဲဒီလိုအလွမ်းဓာတ်စုဝေးနေတဲ့အချိန်မှာအဖေများနေ့ကအမအနမ်းရဲ့
ဘလော့လေးကိုသွားရောက်လည်ပတ်ရင်းအမအနမ်းရေးထားတဲ့အဖေအကြောင်းလေးရယ်၊
နောက်အမတစ်ယောက်ဖြစ်တဲ့အမကြယ်ပြာရဲ့ဖေ့မွေးနေ့(ဇွန်လ၂၃)ကိုဖတ်ပြီး အနော်ရင်ကိုဆူလောင်မိတယ်...သတိ...အမတွေကိုပြစ်တင်တာဟုတ်ဘူနော်။
အားကျမိတာပါ။ အဲဒီလိုအဖေလို့တဝကြီးခေါ်ချင်တာရယ်၊ ဖေ့အတွက်အမှတ်တရဖြစ်မယ့်အရာလေးတွေကိုလုပ်ပေးချင်တဲ့ဆန္ဒအဲဒါကိုအားကျမိတာပါ။
တကယ်တော့အနော်ဟာအဖေရဲ့အေးမြတဲ့မေတ္တာကိုကောင်းစွာမရရှိခဲ့ပါဘူး
နော်အဖေကအနော်ဆယ့်နှစ်သားအရွယ်ကတည်းကအနော်တို့
မိသားစုနဲ့ကမ္ဘာလောကကြီးကိုနှုတ်ဆက်ထွက်ခွါသွားခဲ့ပါတယ်။
အဲဒီတုန်းကတော့အရွယ်ကငယ်သေးတော့ခံစားမှုဆိုတာဘာမှမရှိခဲ့ဘူးလေ။
အဖေဈာပနဆိုတော့အိမ်မှာလူတွေအများကြီးတွေ့ရတော့ပျော်တောင်နေမိသေးတယ်။
မေမေ၊မမတွေကတော့ပူဆွေးသောကရောက်နေချိန်ဆိုတော့အားလုံးကမျက်ရည်နဲ့မျက်ခွက်ပေါ့။
အနော်ကကလေးလေးပဲလေပူဆွေးခြင်း၊သောကရောက်ခြင်းကင်းမဲ့နေချိန်အဖြူ၊အမဲကောင်းစွာမမြင်နိုင်သေး ခဲ့ပါဘူးလေ။အဲဒီလိုနဲ့အနော်(၆)တန်းကျောင်းသားအရွယ်ရောက်တော့ကျောင်းကပေးတဲ့ဆုနှင်းသဘင်
ပွဲမှာမိဘစုံညီနဲ့တက်ခွင့်မရတဲ့အခါမှာအနော်ရင်ထဲမှာအဖေကိုစတင်လွမ်းဆွတ်မူဝေဒနာစတင်ခဲ့ပါ
တော့တယ်။အဲဒီတုန်းကလည်းဆုယူနေတုန်းတော့ခပ်ပြုံးပြုံးပေါ့ယူပြီးတော့ငိုလိုက်ရတာရှိုက်ကြီးတငင်ငင်နဲ့
ပါ။မေမေကမေးပါတယ်သားဘာလို့ငိုတာလည်းမင်းပျော်လို့ငိုတာလားတဲ့လေအတော်ကြာမှဟုတ်ကဲ့
မေမေလိုပြန်ဖြေခဲ့တာကိုယနေ့တိုင်မေလိုမရသေးပါ။
အဲဒီလိုဖြေလိုက်တာမေမေစိတ်မကောင်းဖြစ်သွားမှာဆိုးလို့ပါ။
တကယ်တော့သူများတွေလိုပျော်ချင်ခဲ့တာပါ....
အဖေနဲ့ပတ်သက်ပြီးရေးချင်တာတွေအများကြီးရှိပါသေးတယ်။
နောက်မှဆက်ရေးတော့မယ်နော်။။။
ဒါပေမယ့်ဖေဖေဟာအောက်ကကဗျာလေးထက်မကမိသားစုအပေါ်တာဝန်ကျေပွန်ခဲ့ပါတယ်။။။။။။။

....အနန္တဖခင်.....
အိမ်ထောင်တခု
စုတည်ခိုက်ဝယ်
အိမ်ဦးသခင်
မြတ်ဖခင်....
မိသားစုရေး
မျှော်တွေးစလို.
အကြင်နာနွေးဓာတ်
ပေးအပ်ခဲ့ရှာ.......
သာယာလှပ
မိသားစုဘဝ
ဆောက်တည်ပြုလျှက်
မေတ္တာဟုန်ဟုန်
လွှမ်းခြုံကျလျှက်
အန္တရယ်အပေါင်း
ဘေးမခငြှောင်းအောင်
ကာကွယ်စောင့်မ
ပြုစုခဲ့၏............
ဝတ်စားနေမူ
ထိုအစုလည်း
ပြေလည်ဖို.ရေး
လက်မနှေးပဲ
အားနှယ်အင်နှယ်
မဟာချွှေးဆက်
သတေးဆက်ခဲ့
တုန်လူပ်ခြောက်ခြား
မရှိငြှားလည့်
ကျေပွန်ထမ်းရွက်
မေတ္တာစစ်နဲ.
အုပ်မိုးဖေးမ
ဖေ့ဖေ့ဘဝ......
ဤမျှကြီးလှ
ဖခင်အနန္တ
ခေါ်ဆိုရလည်း
ဦးစွာပထမ....ရှစ်ခိုးပါ၏။ကတော့ပါ၏။။။။။။။။။

ပြောင်းလွဲခြင်း
တောတောင်ရေမြေ
စိမ့်စမ်းရေနှင်.
တသွင်သွင်စီးလျှံ
ချောင်းပေါက်စဝယ်
ကြည်လင်အေးမြ
ရေအေးရ၍
သတ္တဝါပေါင်း
အားထားရသွင်
ရှိနေခိုက်ဝယ်
ဖေါက်ပြန်ဥတု
အကျိုးစုကြောင့်
ပြောင်းလွဲတဖန်
ခမ်းခြောက်ပြန်၏......။။။။။။။။။။။
စိမ့်စမ်းရေနှင်.
တသွင်သွင်စီးလျှံ
ချောင်းပေါက်စဝယ်
ကြည်လင်အေးမြ
ရေအေးရ၍
သတ္တဝါပေါင်း
အားထားရသွင်
ရှိနေခိုက်ဝယ်
ဖေါက်ပြန်ဥတု
အကျိုးစုကြောင့်
ပြောင်းလွဲတဖန်
ခမ်းခြောက်ပြန်၏......။။။။။။။။။။။
လွမ်းလွန်းလို့
အတိတ်ကို အရိပ်လို့
ယူဆခဲ့ပေမဲ့
စိတ်အစဉ်မှာတော့
အရိပ်တွေက နမိတ်တွေလို
ကိုယ်ထင်ပြလို.
စွဲရစ်ခြင်းကို အခြေပြု
မျက်စိအောက် ပျောက်ကွယ်သွားမှာကိုတော့
တကယ်ကိုစိုးထိတ်မိတယ်ဆိုရင်
ငါ့.....ရင်ထဲကမင်းကိုလွမ်းလွန်းလို့ဆိုတာမင်းသိနိုင်ပါ့မလား.....ချစ်သူရယ်....

အလွမ်းများ
နူညံတဲ. မင်းအပြုံး
ချိုသာတဲ. မင်းအသံ
ပေါ်လွင်တဲ. မင်းအလှ .
နဒိပပလို ထင်မှတ်မှားမိတာကြောင့်
တွယ်ရစ်ခြင်းကိုရင်မှာနှစ်
မျော်လင်.ခြင်းကိုအပင်ပျိုး
ရူးသွပ်ခြင်းက ရှင်သန်
နောက်ဆုံးတော.လည်း
ငါ.....နှလုံးသားဒီသစ်ပင်ကြီးမှာ
အလွမ်းဆိုတဲ. သစ်သီးတွေဝေးဆာလိုနေလေရဲ.။။။။။။။

တိတ်တိတ်ကလေးပါပဲ
လူကိုကြည်. ပြုံးစိစိနဲ.
မြင်သူအသဲ ထင်ကာပဲကျန်
ကြည်.သူနှလုံး ရွှင်ပြုံးစေတဲ.
အလှသခင် မရွှေစင်ရယ်
ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်
တိတ်တိတ်ကလေးပဲ
ခွဲသွားခဲ.တယ်နော်........
မြင်သူအသဲ ထင်ကာပဲကျန်
ကြည်.သူနှလုံး ရွှင်ပြုံးစေတဲ.
အလှသခင် မရွှေစင်ရယ်
ဘဝင်နှလုံး ရွှင်ပြုံးမယ်အကျန်
တိတ်တိတ်ကလေးပဲ
ခွဲသွားခဲ.တယ်နော်........
ပျော်သလိုနေပါ
ပြိုမရောင် ငြိုမှောင်တဲ.မျက်နှာနဲ.
အားငယ်မနေပါနဲ.ချစ်သူရယ်.....
အဆိုးကိုအကောင်းမှတ် အားတင်းပြီးပြုံးလိုက်စမ်းပါ.....
ပုလဲခလို. ကြွေကျမဲ.မျက်ရည်မိုး
အမ.ဲတစ်ခါ အပြုံးတစ်ရာနဲ.
ပျော်သလိုသာနေလိုက်ပါ
ချစ်သူရယ်.........။။။။။။။။
ဆုတောင်း
အို...အရှင်
အရှင်တပည်.
လူဖြစ်သည်က
အဆိုးတလည့်
အကောင်းတဖန်
ကြုံရပြန်လည်း
နှစ်ထွေဒွါရ
သောကမရ
ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည်.အလား
ဆုတောင်းတိုင်းသာ
ပြည်.မည်ဆိုက
လိုရာဆုတွေ
ပြည်.ပါစေသာ
အရှင်မြတ်ဘုရား.........
အရှင်တပည်.
လူဖြစ်သည်က
အဆိုးတလည့်
အကောင်းတဖန်
ကြုံရပြန်လည်း
နှစ်ထွေဒွါရ
သောကမရ
ဖြစ်ပြန်ပျက်ပြန်
လောကဓံတရား
ကြမ်းသည်.အလား
ဆုတောင်းတိုင်းသာ
ပြည်.မည်ဆိုက
လိုရာဆုတွေ
ပြည်.ပါစေသာ
အရှင်မြတ်ဘုရား.........
အရက်တစ်ခွက်

ရွှေရောင်အရက်.....ရေတစ်ခွက်နဲ့..မျက်စိစုံမှိတ်.....အသက်အောင့်လျှက်...ကျိတ်မှိတ်ကာလေ...မျိုရတယ်....။
ခါးသက်ပြင်းရှ.....ဒီအရက်က...လှုံ့ဆော်လို့ သာ....နောက်တစ်ဖန်ခွက်သောက်ရတယ်....။
မျက်လုံးထဲမှာ.....မြင်မြင်သမျှ...အရက်ခိုးကြောင့်.....လှပလို့သာလာရတယ်.....။
ဒါဆို.....နောက်တစ်ခွက်က.....မှောက်လျှက်လဲကျ......ခေါင်းတစ်ချက်တောင်...မထောင်နိုင်ပဲရှိတော့တယ်.....။
ဝိုင်းဝန်းဆွဲမ.......ထူပေးတော့မှ......ချဉ်နံ့စူးရှ.....ပျို့ အန်ဖက်ကဝေါ့ခနဲပဲ.....ထွက်ရတယ်.....။(ထွီ....ရွံလိုက်တာ).....။